100% Free & Non-Commercial•Public open-access for spiritual, ecclesiastical & academic study
About the Codices & Data Sources →GitHub↗
✝
Sacred Scripturesbible.ciyo.in

Streaming ancient biblical manuscripts across 15 world translations. Read, listen, cross-reference, and compare original Hebrew, Greek, and Aramaic codices chapter-by-chapter.

github.com/clinto-abraham/bible.ciyo.in

Supported Codices

  • Hebrew: Westminster Leningrad Codex
  • Greek: Textus Receptus (1550/1894)
  • Aramaic: Syriac Peshitta NT
  • English: KJV (1769), BSB, YLT (1898)
  • Malayalam: സത്യവേദപുസ്തകം (1910)
  • Latin: Biblia Sacra Vulgata
  • German, French, Spanish, Russian, Chinese, Burmese, Slavic

Navigation

  • Home & Passage Selector
  • About the Project & Codices
  • Genesis 1 (English KJV)
  • Genesis 1 (Hebrew Tanakh)
  • Matthew 1 (Greek Textus Receptus)
  • Matthew 1 (Syriac Aramaic Peshitta)
  • ഉല്പത്തി 1 (Malayalam 1910)

Contact & Support

Email (Click to Draft)care@ciyo.in
Phone / Direct Line+91-8590770477
Address
Iritty, Kannur, Kerala 670703, India

© 2026 Sacred Scriptures • ciyo.in official. All rights reserved for community open access.

Designed with reverence for the Divine Scriptures • Free for all humanity

✝
Sacred Scripturesciyo.in official
PrevNext
About
BurJudson: 1835 Judson Burmese Bible

Isaiah 4

📖Viewing full chapter (6 verses)
Huge
Jump to Verse:
1

သူသည် လူဆိတ်ညံရာမြေပေါ်မှာ ထိုင်ရလိမ့် မည်။ ထိုကာလ၌ မိန်းမခုနစ်ယောက်တို့သည် ယောက်ျား တယောက်ကို ကိုင်ဆွဲလျက်၊ ကျွန်မတို့သည် ကိုယ်မုန့်ကို စားပါမည်။ ကိုယ်အဝတ်ကိုလည်း ဝတ်ပါမည်။ ကျွန်မ တို့ကို မောင်၏နာမဖြင့် သမုတ်ခြင်းသာရှိစေ၍၊ ကျွန်မတို့ ရှက်ကြောက်ခြင်းကို ပယ်ဖျောက်ပါဟု ဆိုကြလိမ့်မည်။

2

ထိုကာလ၌ ထာဝရဘုရား၏အညွန့်သည် ဘုန်း အသရေပွင့်လန်းလိမ့်မည်။ လွတ်သောဣသရေလ အမျိုးသားတို့အဘို့၊ မြေအသီးအနှံသည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။

3

ထာဝရဘုရားသည် တရားစီရင်သောဝိညာဉ်၊ မီးလောင်သော ဝိညာဉ်တော်အားဖြင့်၊

4

ဇိအုန်သတို့သမီးတို့၏ အညစ်အကြေးကို ဆေး ကြော၍၊ ယေရုရှလင်မြို့၌ နေရစ်သော သူတည်းဟူသော အသက်စာရင်းဝင်သမျှသော ယေရုရှလင်မြို့သားတို့ သည် သန့်ရှင်းခြင်းရှိကြလိမ့်မည်။

5

ထာဝရဘုရားသည်လည်း ဇိအုန်တောင်မှာရှိ သမျှသော အိမ်များနှင့် စည်းဝေးရာ ပရိသတ်များအပေါ် တွင်၊ နေ့အချိန်၌ မိုဃ်းတိမ်နှင့် မီးခိုးကို၎င်း၊ ညဉ့်အချိန်၌ မီးလျှံအလင်းကို၎င်း ဖန်ဆင်းတော်မူ၍၊ မြတ်သောအရာ အလုံးစုံတို့ကို လွှမ်းမိုးတော်မူလိမ့်မည်။

6

နေ့အချိန်၌လည်း နေပူကိုကွယ်ကာသောတဲ၊ မိုဃ်းသက်မုန်တိုင်းရောက်မှ လုံခြုံသော ခိုလှုံရာဖြစ်လိမ့် မည်။