100% Free & Non-Commercial•Public open-access for spiritual, ecclesiastical & academic study
About the Codices & Data Sources →GitHub↗
✝
Sacred Scripturesbible.ciyo.in

Streaming ancient biblical manuscripts across 15 world translations. Read, listen, cross-reference, and compare original Hebrew, Greek, and Aramaic codices chapter-by-chapter.

github.com/clinto-abraham/bible.ciyo.in

Supported Codices

  • Hebrew: Westminster Leningrad Codex
  • Greek: Textus Receptus (1550/1894)
  • Aramaic: Syriac Peshitta NT
  • English: KJV (1769), BSB, YLT (1898)
  • Malayalam: സത്യവേദപുസ്തകം (1910)
  • Latin: Biblia Sacra Vulgata
  • German, French, Spanish, Russian, Chinese, Burmese, Slavic

Navigation

  • Home & Passage Selector
  • About the Project & Codices
  • Genesis 1 (English KJV)
  • Genesis 1 (Hebrew Tanakh)
  • Matthew 1 (Greek Textus Receptus)
  • Matthew 1 (Syriac Aramaic Peshitta)
  • ഉല്പത്തി 1 (Malayalam 1910)

Contact & Support

Email (Click to Draft)care@ciyo.in
Phone / Direct Line+91-8590770477
Address
Iritty, Kannur, Kerala 670703, India

© 2026 Sacred Scriptures • ciyo.in official. All rights reserved for community open access.

Designed with reverence for the Divine Scriptures • Free for all humanity

✝
Sacred Scripturesciyo.in official
PrevNext
About
BurJudson: 1835 Judson Burmese Bible

Judges 5

📖Viewing full chapter (31 verses)
Huge
Jump to Verse:
1

ထိုနေ့၌ ဒေဗောရနှင့် အဘိနောင်၏ သားဗာရက်တို့ဆိုသော သီချင်းစကားဟူမူကား၊

2

ဣသရေလအမျိုး၌ မင်းတို့သည် အဦးပြုသောကြောင့်၎င်း၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကို လှူသောကြောင့်၎င်း၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

3

အိုရှင်ဘုရင်တို့ ကြားကြလော့။ အိုမင်းသားတို့ နားထောင်ကြလော့။ ငါသီချင်းဆိုမည်။ ထာဝရဘုရား အား သီချင်းဆိုမည်။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမည်။

4

အိုထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ရိုးပေါ်မှ ကြွ၍ ဧဒုံတောမှ စစ်ချီတော်မူသောအခါ၊ မြေကြီးလှုပ်၍ မိုဃ်းရွာသဖြင့် မိုဃ်းတိမ်တို့မှ မိုဃ်းရေသည် စီးပါ၏။

5

တောင်ရိုးတို့သည် ထာဝရဘုရားရှေ့တော်၌၎င်း၊ သိနာတောင်သည်လည်း ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌၎င်း တုန်လှုပ်ပါ၏။

6

အာနတ်သားရှံဂါမင်းလက်ထက်၌၎င်း၊ ယေလမင်းလက်ထက်၌၎င်း၊ လမ်းမတို့သည် ဆိတ်ညံလျက် ရှိ၍ ခရီးသွားသော သူတို့သည် လမ်းကြားတို့၌ လိုက်သွားရကြ၏။

7

ဣသရေလအမျိုး၌ မင်းဆက်ပြတ်လျက်ရှိ၏။ ငါဒေဗောရသည် မပေါ်၊ ငါသည် ဣသရေလအမျိုး၌ အမိမပေါ်ထွန်းမှီတိုင်အောင် မင်းဆက်ပြတ်လျက် ရှိ၏။

8

ဣသရေလအမျိုးသားတို့သည် ဘုရားသစ်တို့ကို ရွေးယူကြ၏။ ထိုအခါ သူတို့မြို့များကို ရန်သူတို့သည် တိုက်လာကြ၏။ ဣသရေလအမျိုးသားလေးသောင်းတွင် ဒိုင်းလွှား တခု၊ လှံတစင်းမျှ မရှိ။

9

စေတနာစိတ်ရှိ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကို လှူသော ဣသရေလအမျိုး မင်းတို့အား ငါစိတ်နူးညွတ်၏။ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။

10

ဖြူသော မြည်းကို စီးသောသူ၊ တရားမှုကို စီရင်သောသူ၊ လမ်း၌သွားသောသူတို့၊

11

ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသော သူတို့၏ အသံကို ကြားသောအခါ သီချင်းဆိုကြလော့။ ထာဝရဘုရား၏ တရားသောအမှု၊ ဣသရေလမြို့ရွာတို့၌ တရားသဖြင့် ပြုတော်မူသော အမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည်။ ထိုအခါ ထာဝရဘုရား၏ လူတို့သည် မိမိတို့နေသော မြို့သို့ ပြန်သွားကြလိမ့်မည်။

12

နိုးပါ၊ နိုးပါ၊ ဒေဗောရ။ နိုးပါ၊ နိုးပါ၊ သီချင်းဆိုပါ၊ အိုဗာရက်၊ ထပါ၊ အဘိနောင်သား၊ သင်ဘမ်းဆီး ချုပ်ထားသော သူတို့ကို ထုတ်ပြပါ။

13

ထိုအခါ ကျန်ကြွင်းသော သူတို့သည် သူရဲကြီးတို့ထံသို့ ဆင်းကြ၏။ ထာဝရဘုရား၏လူတို့သည် အစွမ်းတန်ခိုးကြီးသော သူတို့ထံသို့ ငါ့အဘို့ ဆင်းကြ၏။

14

အာမလက်လူနေရာအနားမှာ နေရာကျသော သူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရအမျိုးထဲက မင်းများ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ၏။

15

ဣသခါမင်းတို့သည်လည်း၊ ဒေဗောရ၌ ပါ၍ ဣသခါအမျိုးသည် ဗာရက်၏ လက်ရုံးဖြစ်၏။ ဗာရက်နောက်မှာ ချိုင့်ထဲသို့ ပြေးလိုက်ကြ၏။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံးပြ ဌာန်းခြင်း များကြ၏။

16

နောက်တဖန် သင်သည် သိုးမြည်သံကို နားထောင်ခြင်းငှါ တောင်ကြားမှာ အဘယ်ကြောင့် ထိုင်နေသနည်း။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ်၌ စိတ်နှလုံး တွန့်တိုခြင်းများကြသည်တကား။

17

ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တဘက်၌ ငြိမ်ဝပ်စွာ နေကြ၏။ ဒန်းအမျိုးသည် သင်္ဘောဆိပ် အနားမှာ အဘယ်ကြောင့် နေရစ်သနည်း။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားသင်္ဘော ဆိုက်ရာ ကွေ့တို့၌ မလှုပ်ဘဲငြိမ်ဝပ်စွာ နေသည်တကား။

18

ဇာဗုလုန်အမျိုးသည် အသက်ကို စွန့်စားသည်တိုင်အောင် ရဲရင့်၍ နဿလိအမျိုးသည် မြင့်သော တောအရပ်၌ ထိုနည်းတူပြု၏။

19

ရှင်ဘုရင်တို့သည် လာ၍ စစ်တိုက်ကြ၏။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင်၊ တာနက်မြို့အနားမှာ တိုက်သော်လည်း၊ ငွေကို လုယူ၍ မရကြ။

20

ကောင်းကင်မှ စစ်ကူကြ၏။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါသိသရကို စစ်တိုက်ကြ၏။

21

ကိရှုန်မြစ်၊ စစ်မှုကြောင့် ကျော်စောသောမြစ်၊ ကိရှုန်မြစ်သည် ရန်သူတို့ကို ပယ်သွား၏။ အိုငါ့ဝိညာဉ်၊ သင်သည် ခွန်အား ကြီးသော သူကို နှိပ်နင်းပြီ။

22

ထိုအခါ မြင်းစီးသူရဲတို့သည် မြင်းကို နှင်လျက် နှင်လျက် စီးသောကြောင့်၊ မြင်းတို့သည် မြေကို ခွာနှင့် ထိခိုက်လျက် ပြေးကြ၏။

23

မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက်၊ စစ်သူရဲတို့နှင့် ဝိုင်း၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့်၊ မေရောဇမြို့ကို ကျိန်ကြလော့။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့ဟု ထာဝရ ဘုရား၏ကောင်းကင်တမန်သည် မှာထား၏။

24

ကေနိအမျိုးသား ဟေဗာ၏မယားယေလသည်၊ မိန်းမတကာတို့ထက် မြက်စွာသော မင်္ဂလာရှိ၏။ တဲ၌နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။

25

ထိုသူသည် ရေကို တောင်း၍ ယေလသည် နို့ကို ပေး၏။ မင်းသုံးသော ဖလားနှင့် နို့ဓမ်းကို ဆက်လေ၏။

26

တဲတံသင်ကို ယူ၍ လက်ျာလက်နှင့် လက်ရိုက်ကို ကိုင်လျက် သိသရကို ရိုက်လေ၏။ သူ၏ ခေါင်းကို ထိုးရိုက်၍ နားပန်းကို ထုတ်ချင်းခွင်းဖောက်လေ၏။

27

သူသည် ယေလခြေရင်း၌ ကျ၍ လဲလျက် တုံးလုံးနေ၏။ ခြေရင်း၌ ကျလဲ၍ ကျရာအရပ်၌ သေလျက် လဲနေ၏။

28

သိသရအမိသည် ပြတင်းပေါက်ဝဖြင့် ကြည့်၍ ကုလားကာအတွင်း၌ နေလျက်၊ သူ၏ ရထားသည် အဘယ်ကြောင့် လာခဲသနည်း။ ရထားဘီးတို့သည် အဘယ်ကြောင့် နှေးသနည်းဟု မြည်တမ်းလေ၏။

29

ပညာရှိသော မင်းသမီးတို့သည် ပြန်လျှောက်သည်သာမက၊ သူ့ကိုယ်တိုင် ပြန်ပြောသည်ကား၊

30

သူတို့သည် တွေ့၍ရသော ဥစ္စာကို ဝေဖန်လျက် နေကြသည်မဟုတ်လော။ စစ်သူရဲတို့အား အပျိုကညာ တယောက်နှစ်ယောက်စီ၊ သိသရဘို့ ပန်းဆိုးသော အဝတ်၊ ပန်းဆိုး၍ ချယ်လှယ်သော အဝတ်တန်ဆာ၊ အောင်သောသူတို့၏ လည်ပင်း၌ ဆင်စရာဘို့ ပန်းဆိုး၍ ချယ်လှယ်လျက် အဆင်းအရောင် ထူးခြား သော အဝတ်တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ၏ အမိသည် ဆိုတတ်၏။

31

အိုထာဝရဘုရား၊ ကိုယ်တော်၏ ရန်သူအပေါင်းတို့သည် ထိုသို့ ပျက်စီးခြင်းသို့ ရောက်ကြပါစေသော။ ထာဝရဘုရားကို ချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ၏။ ထို့နောက် အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းလေ၏။