100% Free & Non-Commercial•Public open-access for spiritual, ecclesiastical & academic study
About the Codices & Data Sources →GitHub↗
✝
Sacred Scripturesbible.ciyo.in

Streaming ancient biblical manuscripts across 15 world translations. Read, listen, cross-reference, and compare original Hebrew, Greek, and Aramaic codices chapter-by-chapter.

github.com/clinto-abraham/bible.ciyo.in

Supported Codices

  • Hebrew: Westminster Leningrad Codex
  • Greek: Textus Receptus (1550/1894)
  • Aramaic: Syriac Peshitta NT
  • English: KJV (1769), BSB, YLT (1898)
  • Malayalam: സത്യവേദപുസ്തകം (1910)
  • Latin: Biblia Sacra Vulgata
  • German, French, Spanish, Russian, Chinese, Burmese, Slavic

Navigation

  • Home & Passage Selector
  • About the Project & Codices
  • Genesis 1 (English KJV)
  • Genesis 1 (Hebrew Tanakh)
  • Matthew 1 (Greek Textus Receptus)
  • Matthew 1 (Syriac Aramaic Peshitta)
  • ഉല്പത്തി 1 (Malayalam 1910)

Contact & Support

Email (Click to Draft)care@ciyo.in
Phone / Direct Line+91-8590770477
Address
Iritty, Kannur, Kerala 670703, India

© 2026 Sacred Scriptures • ciyo.in official. All rights reserved for community open access.

Designed with reverence for the Divine Scriptures • Free for all humanity

✝
Sacred Scripturesciyo.in official
PrevNext
About
BurJudson: 1835 Judson Burmese Bible

Judges 9

📖Viewing full chapter (57 verses)
Huge
Jump to Verse:
1

ယေရုဗ္ဗာလသား အဘိမလက်သည် ရှေခင်မြို့သို့ သွား၍ ဦးရီးများ၊ အမိ၏အဆွေအမျိုးများအပေါင်း တို့နှင့် နှုတ်ဆက်လျက်၊

2

ယေရုဗ္ဗာလသား ခုနစ်ဆယ်တို့သည် သင်တို့ကို အုပ်စိုးကောင်းသလော။ သားတယောက်တည်း အုပ်စိုးကောင်းသလော။ ငါသည် သင်တို့၏ အရိုးအသားစစ်ဖြစ်ကြောင်းကို မမေ့ကြနှင့်ဟု ရှေခင်မြို့ သားအပေါင်းတို့အား ပြောရမည်အကြောင်းကို တိုင်ပင်လေ၏။

3

ထိုစကားကို ဦးရီးတို့သည် ရှေခင်မြို့သားတို့အား အကုန်အစင်ပြန်ပြော၍၊ သူတို့က၊ အဘိမလက်သည် ငါတို့ညီအစ်ကိုဖြစ်သည်ဟုဆိုလျှက် သူ့နောက်သို့ လိုက်ချင်သော စိတ်နူးညွတ်သဖြင့်၊

4

ငွေခုနစ်ဆယ်ကို ဗာလဗေရိတ်အိမ်မှထုတ်၍ပေးလျှင်၊ အဘိမလက်သည် လျှပ်ပေါ်သော သူတို့ကို ထိုငွေနှင့် ငှါး၍ အမှုကို ထမ်းစေ၏။

5

တဖန် ဩဖရမြို့၌ ရှိသော မိမိအဘအိမ်သို့ သွား၍၊ မိမိညီအစ်ကိုယေရုဗ္ဗာလသားခုနစ်ဆယ်တို့ကို ကျောက်တခုပေါ်မှာ သတ်လေ၏။ သို့ရာတွင်၊ ယေရုဗ္ဗာလသားအငယ်ဆုံးယောသံသည် ပုန်းရှောင်၍ နေသောကြောင့် ကျန်ရစ်သတည်း။

6

ရှေခင်မြို့သားအပေါင်းတို့နှင့် မိလ္လောအဆွေအမျိုးအပေါင်းတို့သည် ရှေခင်မြို့တွင်ရှိသော အထိမ်းအမှတ်သပိတ်ပင်အနားမှာ စည်းဝေး၍ အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားကြ၏။

7

ထိုအမှုကို ယောသံသည် ကြားသိသောအခါ၊ ဂေရဇိမ်တောင်သို့ သွား၍၊ တောင်ပေါ်မှာ ရပ်လျက် အသံကို လွှင့်၍ ကြွေးကြော်လေသည်မှာ၊ အိုရှေခင်မြို့သားတို့၊ သင်တို့စကားကို ဘုရားသခင် နားထောင်တော်မူမည်အကြောင်း၊ ငါ့စကားကို နားထောင်ကြလော့။

8

သစ်ပင်တို့သည် မိမိတို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ခန့်ထားလျက် ဘိသိက်ပေးခြင်းငှါ ထွက်သွား၍၊ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သံလွင်ပင်အား လျှောက်ကြလျှင်၊

9

သံလွင်ပင်က၊ ဘုရားအသရေ၊ လူအသရေကို ပြုစုစရာ ငါ့အဆီအပြားကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။

10

တဖန် သင်္ဘောသဖန်းပင်အား၊ ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင်၊

11

သင်္ဘောသဖန်းပင်က၊ ငါ၌ ချိုသော အရသာနှင့် ကောင်းသောအသီးကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။

12

တဖန် စပျစ်ပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက် ကြလျှင်၊

13

စပျစ်ပင်က၊ ဘုရား၏စိတ်နှင့် လူ၏စိတ်ကို ရွှင်လန်းစေသော ငါ့စပျစ်ရည်ကို ငါသည် စွန့်၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။

14

တဖန် ဆူးလေပင်အား ကိုယ်တော်ကြွ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်အပေါင်းတို့သည် လျှောက်ကြလျှင်၊

15

ဆူးလေပင်က၊ သင်တို့သည် ငါ့ကို သင်တို့၏ ရှင်ဘုရင်ဖြစ်စေခြင်းငှါ ခန့်ထား၍ ဧကန်အမှန် ဘိသိက်ပေးလိုလျှင်၊ လာကြ၊ ငါ့အရိပ်ကို ခိုလှုံကြ။ သို့မဟုတ် ဆူးလေပင်ထဲက မီးထွက်၍ လေဗနုန် အာရစ်ပင်တို့ကို လောင်လိမ့်မည်ဟု သစ်ပင်တို့အား ပြန်ပြော၏။

16

ယခုမှာ သင်တို့သည် အဘိမလက်ကို ရှင်ဘုရင်အရာ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကို စောင့်၍၊ ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား ကောင်းမွန်စွာ ပြုကြပြီလော။ ယေရုဗ္ဗာလသည် ကျေးဇူးပြု၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော။

17

ငါ့အဘသည် သင်တို့အဘို့ စစ်တိုက်၍ ကိုယ်အသက်ကို စွန့်စားလျက်၊ သင်တို့ကို မိဒျန်အမျိုးလက်မှ ကယ်နှုတ်လေပြီ။

18

သင်တို့သည် ငါ့အဘ၏အဆွေအမျိုးတဘက်၌ ယနေ့ထ၍ သူ၏သားခုနစ်ဆယ်တို့ကို ကျောက်တခု ပေါ်မှာ သတ်ပြီးလျှင်၊ သူ၏ကျွန်မတွင် မြင်သော သားအဘိမလက်သည် သင်တို့ညီအစ်ကိုဖြစ်သော ကြောင့်၊ သူ့ကို ရှေခင်မြို့သားတို့၏ ရှင်ဘုရင်ခန့်ထားကြပြီတကား။

19

ယခုမှာ သင်တို့သည် ယေရုဗ္ဗာလနှင့် သူ၏အမျိုးအနွယ်အား သစ္စာတရားအတိုင်း ယနေ့ပြုပြီးလျှင်၊ အဘိမလက်ကို အမှီပြု၍ ဝမ်းမြောက်ကြလော့။ အဘိမလက်သည်လည်း သင်တို့ကို အမှီပြု၍ ဝမ်းမြောက်ပါစေ။

20

သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက်၍၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက်၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ၊

21

အလျင်အမြန်ပြေး၍ အစ်ကိုအဘိမလက်ကို ကြောက်သောကြောင့် ဗေရမြို့သို့ သွား၍ နေလေ၏။

22

အဘိမလက်သည် ဣသရေလအမျိုးကို အုပ်စိုး၍ သုံးနှစ်စေ့သောအခါ၊

23

ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သား စပ်ကြားမှာ ဆိုးသောဝိညာဉ်ကို စေလွှတ်တော်မူ၍၊ ရှေခင်မြို့သားတို့သည် အဘိမလက်၏သစ္စာကို ဖျက်ကြ၏။

24

အကြောင်းမူကား၊ ယေရုဗ္ဗာလ၏ သားခုနစ်ဆယ်တို့၌ ကြမ်းတမ်းစွာ ပြု၍ သတ်မိသောအပြစ်သည် သူတို့ကို သတ်သောသူတို့ ညီအစ်ကိုအဘိမလက်အပေါ်သို့၎င်း၊ ညီအစ်ကိုများကို သတ်သောအမှု၌ ဝိုင်း၍ လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့၎င်း ရောက်ရမည်အကြောင်းတည်း။

25

ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းစေခြင်းငှါ၊ လူတို့ကို တောင်ထိပ်ပေါ်မှာထား၍ ထိုသူတို့သည် ခရီးသွားသောသူအပေါင်းတို့၏ ဥစ္စာကို လုယူကြ၏။ ထိုသတင်းကိုလည်း၊ အဘိမလက်သည်ကြား ၏။

26

ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့်အတူ ရှေခင်မြို့ဘက်သို့ ဝင်၍ ရှေခင်မြို့သားတို့သည် သူ့ကို ကိုးစားကြ၏။

27

ဥယျာဉ်၌ လည်လျက်စပျစ်သီးကို သိမ်းယူလျက် ပျော်မွေ့ခြင်းကို ပြုသဖြင့်၊ မိမိတို့ ဘုရား၏ကျောင်း သို့ သွား၍ အဘိမလက်ကို ကျိန်ဆဲကြ၏။

28

ဧဗက်၏သား ဂါလကလည်း၊ ငါတို့သည် အဘိမလက်အမှုကို စောင့်ရမည်အကြောင်း၊ အဘိမလက် ကား အဘယ်သူနည်း၊ ရှေခင်ကား အဘယ်သူနည်း။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော။ ဇေဗုလသည် သူ၏အမှုထမ်းမဟုတ်လော။ ရှေခင်အဘဟာမော်လူတို့၏ အမှုကို ထမ်းကြလော့။ အဘိမလက်အမှုကို အဘယ်ကြောင့် ထမ်းရမည်နည်း။

29

ဤလူတို့သည် ငါ့လက်သို့ ရောက်ပါစေသော။ သို့ဖြစ်လျှင် အဘိမလက်ကို ငါပယ်မည်ဟူ၍၎င်း၊ အဘိမလက်အား သင်၏ ဗိုလ်ခြေတို့ကို ပြင်ဆင်၍ လာတော့ဟူ၍၎င်း ဆို၏။

30

ဧဗက်၏သားဂါလစကားကို မြို့အုပ်ဇေဗုလကြားသောအခါ အမျက်ထွက်၍

31

ပရိယာယ်အားဖြင့် အဘိမလက်ထံသို့ စေလွှတ်လျက်၊ ဧဗက်၏သားဂါလသည် မိမိညီအစ်ကိုတို့နှင့် အတူ ရှေခင်မြို့သို့ လာ၍ ကိုယ်တော်တဘက်၌ မြို့ကို ပြင်ဆင်ကြပါ၏။

32

သို့ဖြစ်၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ၍၊ တော၌ ချောင်းမြောင်းလျက် နေတော်မူပါ။

33

နံနက်စောစော နေထွက်စကထ၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ၍ မြို့ကို တိုက်တော်မူပါ။ ဂါလသည် သူ၌ပါသော လူတို့နှင့်တကွ ဆီး၍ ကြိုသောအခါ၊ အဆင်သင့်သည်အတိုင်း ပြုတော်မူပါဟု ကြားလျှောက်လေ။

34

အဘိမလက်သည် သူ၌ ပါသမျှသော လူတို့နှင့်တကွ ညဉ့်အခါ ထ၍ တပ်လေးတပ်ခွဲပြီးလျှင်၊ ရှေခင်မြို့ကို ချောင်းမြောင်းလျက်နေကြ၏။

35

ဧဗက်၏သားဂါလသည် ထွက်၍ မြို့တံခါးဝ၌ ရပ်လျှင်၊ အဘိမလက်သည် မိမိ၌ပါသော သူတို့နှင့်တကွ ချောင်းမြောင်းရာမှ ထကြ၏။

36

ဂါလသည် ထိုလူတို့ကို မြင်လျှင်၊ တောင်ပေါ်မှ လူများ ဆင်းလာကြသည်ဟု ဇေဗုလအားဆိုသော်၊ ဇေဗုလက တောင်အရိပ်သည် လူကဲ့သို့ ထင်သည်ဟု ပြန်ပြော၏။

37

တဖန် ဂါလက၊ ကြည့်ပါ။ လူအချို့တို့သည် တောင်ရိုးပေါ်မှ ဆင်းလာကြ၏။ အချို့တို့သည် မောနေနိမ် သပိတ်တောလမ်းဖြင့် လာကြ၏ဟု ပြောဆိုလျှင်၊

38

ဇေဗုလက၊ ငါတို့သည် အဘိမလက်အမှုကို ထမ်းရမည်အကြောင်း၊ အဘိမလက်သည် အဘယ်သူနည်းဟု သင်ဆိုသော နှုတ်သည် ယခုအဘယ်မှာ ရှိသနည်း။ ထိုလူတို့သည် သင်မထီမဲ့မြင်ပြုသော သူမဟုတ်လော။ ထွက်၍ သူတို့ကို စစ်တိုက်ပါလော့ဟု ဆိုသော်၊

39

ဂါလသည် ရှေခင်မြို့သားတို့ရှေ့မှာ ထွက်၍ အဘိမလက်ကို တိုက်လေ၏။

40

အဘိမလက်လိုက်၍ ဂါလပြေးသဖြင့် များသောသူတို့သည် မြို့တံခါးဝတိုင်အောင် အထိအခိုက်ခံလျက် လဲ၍ သေကြ၏။

41

အဘိမလက်သည် အရုမမြို့မှာ နေ၍ ဇေဗုလသည် ဂါလနှင့် သူ၏ညီအစ်ကိုတို့ကို ရှေခင်မြို့၌ မနေစေခြင်းငှါ နှင်ထုတ်လေ၏။

42

နက်ဖြန်နေ့၌ လူများတို့သည် မြို့ပြင်သို့ ထွက်မည်အကြောင်းကို အဘိမလက်သည် ကြားလျှင်၊

43

မိမိလူတို့ကို သုံးစုခွဲ၍ တော၌ ချောင်းမြောင်းလျက် နေသဖြင့်၊ မြို့သားတို့သည် ထွက်လာကြသောအခါ ထ၍ လုပ်ကြံလေ၏။

44

အဘိမလက်သည် မိမိလူတစုနှင့် မြို့တံခါးဝသို့ ပြေးတက်၍ စောင့်နေ၏။ အခြားသော လူနှစ်စုတို့ သည် တော၌ရှိသော လူတို့ဆီသို့ ပြေး၍ သတ်ကြ၏။

45

အဘိမလက်သည် တနေ့လုံးမြို့ကို တိုက်၍ရသောအခါ၊ မြို့၌ တွေ့သောသူတို့ကို သတ်ပြီးလျှင် မြို့ရိုးကို ဖြိုဖျက်၍ မြို့ရာကို ဆားနှင့် ကြဲဖြန့်လေ၏။

46

ထိုသိတင်းကို ရှေခင်ရဲတိုက်သားအပေါင်းတို့သည် ကြားလျှင်၊ ဗေရိတ်ဘုရား၏ ကျောင်း၌ ခိုင်ခံ့သော အခန်းထဲမှာ စုဝေးကြ၏။

47

ရှေခင်ရဲတိုက်သားအပေါင်းတို့သည် စုဝေးကြောင်းကို အဘိမလက်သည် ကြားလတ်သော်၊

48

ကိုယ်တိုင်မှစ၍ ပါသော သူအပေါင်းတို့သည် ဇလမုန်တောင်သို့ သွားပြီးလျှင်၊ အဘိမလက်သည် ပုဆန်နှင့် သစ်ခက်ကို ခုတ်၍ မိမိပုခုံးပေါ်မှာ တင်ထမ်းလျက်၊ ငါပြုသည်ကို သင်တို့ မြင်သည်အတိုင်း အလျင်အမြန်ပြုကြလော့ဟု လိုက်သောသူတို့အား ဆိုလျှင်၊

49

သူ၏လူအပေါင်းတို့သည် ထိုအတူ အသီးအသီးသစ်ခက်တို့ကို ခုတ်၍ အဘိမလက်နောက်သို့ လိုက်လျက် ခိုင်ခံ့သောအခန်းကို မီးရှို့ကြ၏။ ထိုသို့ ရှေခင်ရဲတိုက်သားအပေါင်းတို့နှင့်အတူ တထောင်သော ယောက်ျားမိန်းမတို့သည် သေကြကုန်၏။

50

ထိုနောက်မှ အဘိမလက်သည် သေဗက်မြို့သို့ သွား၍ တပ်ချပြီးလျှင် တိုက်ယူလေ၏။

51

သို့ရာတွင် မြို့ထဲမှာ ခိုင်ခံ့သော ရဲတိုက်တခုရှိ၍၊ မြို့သားယောက်ျားမိန်းမအပေါင်းတို့သည် ထိုရဲတိုက် ထဲသို့ ပြေးဝင်ကြ၏။ တံခါးကိုလည်း ပိတ်ထား၍ ရဲတိုက်အပေါ်သို့ တက်ကြ၏။

52

အဘိမလက်သည် ရဲတိုက်ကို လာ၍ တိုက်လျက်၊ ရဲတိုက်တံခါးကို မီးရှို့ခြင်းငှါ ချဉ်းကပ်သောအခါ၊

53

မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို အဘိမလက် ခေါင်းပေါ်သို့ ပစ်ချ၍ ဦးခေါင်းခွံ ပေါက်ကွဲလေ၏။

54

သူသည် လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ မိန်းမသည် အဘိမလက်ကို သတ်သည်ဟု ပြောစရာမရှိစေခြင်းငှါ၊ သင့်ထားကို ထုတ်၍ ငါ့ကို သတ်လော့ဟု ဆိုသည်အတိုင်း၊ လုလင်သည် ထိုး၍ အဘိမလက် သေလေ၏။

55

အဘိမလက်သေကြောင်းကို ဣသရေလလူတို့သည် သိမြင်လျှင်၊ အသီးအသီး မိမိတို့နေရာသို့ ပြန်သွားကြ၏။

56

ထိုသို့ အဘိမလက်သည် မိမိညီအစ်ကိုခုနစ်ဆယ်တို့ကို သတ်၍ ပြုမိသော ဒုစရိုက်အပြစ်ကို ဘုရားသခင် ဆပ်ပေးတော်မူ၏။

57

ရှေခင်မြို့သားပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင်ရောက်စေတော်မူ သဖြင့်၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း သူတို့သည် ခံရကြ၏။