100% Free & Non-Commercial•Public open-access for spiritual, ecclesiastical & academic study
About the Codices & Data Sources →GitHub↗
✝
Sacred Scripturesbible.ciyo.in

Streaming ancient biblical manuscripts across 15 world translations. Read, listen, cross-reference, and compare original Hebrew, Greek, and Aramaic codices chapter-by-chapter.

github.com/clinto-abraham/bible.ciyo.in

Supported Codices

  • Hebrew: Westminster Leningrad Codex
  • Greek: Textus Receptus (1550/1894)
  • Aramaic: Syriac Peshitta NT
  • English: KJV (1769), BSB, YLT (1898)
  • Malayalam: സത്യവേദപുസ്തകം (1910)
  • Latin: Biblia Sacra Vulgata
  • German, French, Spanish, Russian, Chinese, Burmese, Slavic

Navigation

  • Home & Passage Selector
  • About the Project & Codices
  • Genesis 1 (English KJV)
  • Genesis 1 (Hebrew Tanakh)
  • Matthew 1 (Greek Textus Receptus)
  • Matthew 1 (Syriac Aramaic Peshitta)
  • ഉല്പത്തി 1 (Malayalam 1910)

Contact & Support

Email (Click to Draft)care@ciyo.in
Phone / Direct Line+91-8590770477
Address
Iritty, Kannur, Kerala 670703, India

© 2026 Sacred Scriptures • ciyo.in official. All rights reserved for community open access.

Designed with reverence for the Divine Scriptures • Free for all humanity

✝
Sacred Scripturesciyo.in official
PrevNext
About
BurJudson: 1835 Judson Burmese Bible

Leviticus 17

📖Viewing full chapter (16 verses)
Huge
Jump to Verse:
1

တဖန်မောရှေအား ထာဝရဘုရားက၊

2

သင်သည် အာရုန်နှင့် သူ၏သား၊ - ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊

3

ဣသရေလအမျိုးသား တစုံတယောက်သည် သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာ သတ်သည်ဖြစ်စေ၊

4

ထာဝရဘုရား၏ တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သက္ကာ ပြုခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟု မှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်။

5

ဣသရေလအမျိုးသားတို့သည် တော၌ ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါး ရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိဿ ဟာယယဇ် ပူဇော်စေခြင်းငှါ ထိုသို့ စီရင်ရသတည်း။

6

ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ဖြန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးရှို့ရမည်။

7

သူတို့သည် အထက်က မှားယွင်းသကဲ့သို့ နောက်တဖန် နတ်ဆိုးတို့အား ယဇ်မပူဇော်ရ။ ဤပညတ် သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်း။

8

ဣသရေလအမျိုးသားချင်း ဖြစ်စေ၊ သင်တို့တွင် တည်းနေသော တပါး အမျိုးသားဖြစ်စေ၊ မီးရှို့ရာ ယဇ် အစရှိသော အခြားသောယဇ် တစုံတခုကို ပူဇော်သောအခါ၊-

9

ထာဝရဘုရားအား ပူဇော်သက္ကာပြုခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်းရမည်ဟု သူတို့အား ဆင့်ဆိုရမည်။

10

ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ အသွေး တမျိုးမျိုးကို စားလျှင်၊ ထိုသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။

11

အကြောင်းမူကား၊ ကိုယ်ခန္ဓာ အသက်သည် အသွေး၌ တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေ ခြင်းငှါ၊ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကို ဖြေသောအရာကား၊ အသွေး ဖြစ်သတည်း။

12

ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကို မစားရ။ သင်တို့တွင် တည်းနေသော တပါးအမျိုး သားလည်း အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။

13

ဣသရေလအမျိုးသားမှစ၍ သင်တို့တွင် တည်းနေသော တပါးအမျိုးသား တစုံတယောက်သည်၊ မုဆိုးလုပ်၍ စားစရာဘို့ သား၊ ငှက်ကို ဘမ်းမိလျှင်၊ အသွေးကို သွန်၍ မြေနှင့်ဖုံးရမည်။

14

အသွေးသည် ခပ်သိမ်းသော ကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်း ဖြစ်၏။ ထိုကြောင့် သင်တို့သည် တစုံတခုသော ကိုယ်ခန္ဓာ၏ အသွေးကို မစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌ တည်သောကြောင့်၊ အသွေးကို စားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကို ခံရမည်။

15

အလိုလို သေသောအကောင်၊ သားရဲကိုက်၍သေသော အကောင်၏အသားကို စားသော ကိုယ် အမျိုးသား၊ တပါးအမျိုးသား မည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။

16

အဝတ်ကို မလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကို ကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော် မူ၏။