100% Free & Non-Commercial•Public open-access for spiritual, ecclesiastical & academic study
About the Codices & Data Sources →GitHub↗
✝
Sacred Scripturesbible.ciyo.in

Streaming ancient biblical manuscripts across 15 world translations. Read, listen, cross-reference, and compare original Hebrew, Greek, and Aramaic codices chapter-by-chapter.

github.com/clinto-abraham/bible.ciyo.in

Supported Codices

  • Hebrew: Westminster Leningrad Codex
  • Greek: Textus Receptus (1550/1894)
  • Aramaic: Syriac Peshitta NT
  • English: KJV (1769), BSB, YLT (1898)
  • Malayalam: സത്യവേദപുസ്തകം (1910)
  • Latin: Biblia Sacra Vulgata
  • German, French, Spanish, Russian, Chinese, Burmese, Slavic

Navigation

  • Home & Passage Selector
  • About the Project & Codices
  • Genesis 1 (English KJV)
  • Genesis 1 (Hebrew Tanakh)
  • Matthew 1 (Greek Textus Receptus)
  • Matthew 1 (Syriac Aramaic Peshitta)
  • ഉല്പത്തി 1 (Malayalam 1910)

Contact & Support

Email (Click to Draft)care@ciyo.in
Phone / Direct Line+91-8590770477
Address
Iritty, Kannur, Kerala 670703, India

© 2026 Sacred Scriptures • ciyo.in official. All rights reserved for community open access.

Designed with reverence for the Divine Scriptures • Free for all humanity

✝
Sacred Scripturesciyo.in official
PrevNext
About
BurJudson: 1835 Judson Burmese Bible

Numbers 22

📖Viewing full chapter (41 verses)
Huge
Jump to Verse:
1

တဖန် ဣသရေလအမျိုးသားတို့သည် ခရီး သွား၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ တဲဆောက်ကြ၏။

2

အာမောရိအမျိုးသားတို့၌ပြုကြသော အမှုအလုံး စုံကို၊ ဇိဖေါ်သားဗာလက်မင်းသိမြင်လျှင်၊

3

ဣသရေလအမျိုးသားတို့သည် များပြားသော ကြောင့်၊ မောဘပြည်သားတို့သည် အလွန်ကြောက်ရွံ့ ကြ၍၊

4

နွားသည် မြက်ပင်ကို လှမ်း၍ စားသကဲ့သို့ ဤအလုံးအရင်းသည် ငါတို့ပတ်လည်၌ ရှိသမျှကို လှမ်း၍ စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက်၊ မိဒျန်ပြည်သား အသက်ကြီးသူတို့အား ဆိုကြ၏။ ထိုအခါ ဇိဖေါ်သား ဗာလက်သည်၊ မောဘရှင်ဘုရင်ဖြစ်သည်နှင့်၊

5

အမ္မုန်ပြည်၌ စီးသောမြစ်၏အနားမှာရှိသော ပေသော်မြို့နေ ဗောရသားဗာလမ်ကို ခေါ်ပင့်ခြင်းငှါ၊ သံတမန်တို့ကို စေလွှတ်၍၊ အဲဂုတ္တုပြည်မှ ရောက်လာ သော လူတမျိုးသည် မြေမျက်နှာကို ဖုံးလွှမ်းလျက် ငါ့အနား ၌ နေရာချကြပြီ။

6

သို့ဖြစ်၍၊ ကြွလာပါ။ ဤလူမျိုးသည် ငါ့ထက် အားကြီးသောကြောင့် သူတို့ကို ငါ့အဘို့ ကျိန်ဆဲပါ။ သို့ ပြုလျှင် သူတို့ကို ငါတိုက်၍ ငါ့ပြည်မှ နှင်ထုတ်နိုင်ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော် ကောင်းကြီးပေးသော သူသည် ကောင်းကြီးမင်္ဂလာခံရသည်ကို၎င်း၊ ကိုယ်တော် ကျိန်ဆဲသောသူသည် ကျိန်ဆဲအပ်သောသူဖြစ်သည်ကို၎င်း ငါသိသည်ဟု မှာလိုက်လေ၏။

7

မောဘပြည်သား အသက်ကြီးသူတို့နှင့် မိဒျန် ပြည်သား အသက်ကြီးသူတို့သည် ပြုစားခြင်းလက်ဆောင် ပါလျက်သွား၍၊ ဗာလမ်ထံသို့ ရောက်သောအခါ၊ ဗာလက် မင်းစကားကို ကြားလျှောက်လေ၏။

8

ဗာလမ်က၊ ယနေ့ညမှာ ဤအရပ်၌နေကြပါဦး။ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ငါပြန်ပြောမည်ဟု ဆိုလျှင်၊ မောဘအရာရှိတို့သည် ဗာလမ်ထံမှာ နေကြ၏။

9

ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ၍၊ သင်၌ ရှိသော ဤလူတို့သည် အဘယ်သူနည်းဟု မေးတော်မူ လျှင်၊

10

ဗာလမ်က၊ မောဘရှင်ဘုရင် ဇိဖေါ်သား ဗာလက်သည် အကျွန်ုပ်ဆီသို့ လူကို စေလွှတ်၍၊

11

အဲဂုတ္တုပြည်မှ ရောက်လာသော လူအများ သည်၊ မြေမျက်နျာကို ဖုံးလွှမ်းလျက်နေကြပြီ။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကို ငါ့အဘို့ ကျိန်ဆဲပါ။ သို့ပြုလျှင်၊ သူတို့ကို ငါတိုက်၍ နှင်ထုတ်နိုင်ကောင်းနှင်ထုတ်နိုင်လိမ့် မည်ဟု ခေါ်ပင့်ကြောင်းကို၊ ဘုရားသခင်အား လျှောက် ဆို၏။

12

ဘုရားသခင်ကလည်း၊ သင်သည် ဤလူတို့နှင့် အတူ မလိုက်မသွားရ။ ထိုလူမျိုးကို မကျိန်ဆဲရ။ ကောင်း ကြီးမင်္ဂလာကို ခံရသော လူမျိုးဖြစ်သည်ဟု ဗာလမ်အား မိန့်တော်မူ၏။

13

နံနက်ရောက်မှ၊ ဗာလမ်သည် ထ၍ သင်တို့သည် ကိုယ်ပြည်သို့ ပြန်သွားကြပါလော့။ သင်တို့နှင့်အတူ ငါလိုက်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူဟု ဗာလက်မင်းစေလွှတ်သော အရာရှိတို့အား ပြန်ပြော လေ၏။

14

ထိုအခါ မောဘပြည်အရာရှိတို့သည် ဗာလက် မင်းထံသို့ ပြန်သွား၍၊ ဗာလမ်သည် ကျွန်တော်တို့နှင့် အတူ မလိုက်လိုပါဟု လျှောက်ကြ၏။

15

တဖန် ဗာလက်မင်းသည်၊ အရင်ထက်အရေ အတွက်အားဖြင့် များ၍ အရာအားဖြင့် ဘုန်းကြီးသော မှူးမတ်တို့ကို စေလွှတ်ပြန်သည်အတိုင်း၊

16

သူတို့သည် ဗာလမ်ထံသို့ ရောက်လာ၍ ဇိဖေါ် သားဗာလက်မင်းက၊ ကိုယ်တော်သည် ငါ့ထံသို့ မလာမည် အကြောင်း အဘယ်အဆီးအတားမျှ မရှိပါစေနှင့်။

17

ငါသည် ကိုယ်တော်ကို အလွန်ချီးမြှောက်မည်။ ကိုယ်တော်တောင်းသမျှကို ပေးမည်။ သို့ဖြစ်၍ ကြွလာပါ။ ဤလူမျိုးကို ငါ့အဘို့ ကျိန်ဆဲပါဟု မိန့်တော်မူကြောင်းကို ပြန်ပြောကြ၏။

18

ဗာလမ်ကလည်း၊ ဗာလက်မင်းသည် ရွှေငွေနှင့် ပြည့်သော မိမိနန်းတော်ကိုပင် ပေးသော်လည်း၊ ငါကိုး ကွယ်သော ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို လွန်ကျူး၍ အမှုအကြီးအငယ် တစုံတခုကိုမျှ ငါမပြုနိုင်။

19

သို့ရာတွင် ထာဝရဘုရားသည် အဘယ်သို့ ထပ်၍ မိန့်တော်မူမည်ကို ငါသိမည်အကြောင်း၊ ယနေ့ည မှာ ဤအရပ်၌ နေကြပါဦးဟု ဗာလက်မင်းကျွန်တို့အား ပြန်ပြော၏။

20

ညအချိန်၌ ဘုရားသခင်သည် ဗာလမ်ရှိရာသို့ လာ၍၊ ထိုလူတို့သည် သင့်ကိုခေါ်ခြင်းငှါလာလျှင်၊ သူတို့ နှင့်အတူ ထ၍ လိုက်လော့။ သို့ရာတွင် ငါမှာထားသမျှ အတိုင်းသာ ပြုရမည်ဟု မိန့်တော်မူ၏။

21

နံနက်ရောက်မှ ဗာလမ်ထ၍ မြည်းကို ကုန်းနှီး ထင်ပြီးလျှင်၊ မောဘအရာရှိတို့နှင့်အတူ လိုက်လေ၏။

22

ထိုသို့ လိုက်သောကြောင့်၊ ဘုရားသခင် အမျက် တော်ထွက်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူ့ကို ဆီးတားခြင်းငှါ လမ်း၌ ရပ်နေ၏။ ထိုအခါ ဗာလမ် သည် မြည်းကို စီး၍ ငယ်သားနှစ်ယောက်နှင့် သွားစဉ် တွင်၊

23

ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထားကို မိုးလျက်၊ လမ်း၌ ရပ်နေသည်ကို မြည်းသည် မြင်လျှင်၊ လမ်းလွှဲ၍ လယ်သို့ ဝင်လေ၏။ ဗာလမ်လည်း မြည်းကို လမ်းသို့ ပြန်စေခြင်းငှါ ရိုက်လေ၏။

24

ထာဝရဘုရား၏ ကောင်းကင်တမန်သည်၊ စပျစ်ဥယျာဉ်စောင်ရန်းနှစ်ဘက်စပ်ကြားလမ်း၌ တဖန် ရပ်နေ၏။

25

ထာဝရဘုရား၏ ကောင်းကင်တမန်ကို မြည်း သည် မြင်ပြန်သောအခါ၊ စောင်ရန်းတဘက်၌ တိုး၍ ဗာလမ်၏ခြေကို ဖိလေ၏။ ဗာလမ်လည်း တဖန် ရိုက်ပြန်လေ၏။

26

ထာဝရဘုရား၏ ကောင်းကင်တမန်သည် လွန် သွား၍ လမ်းတဘက်ဘက်မျှ မလွှဲနိုင်အောင် ကျဉ်း မြောင်းသော အရပ်၌ ရပ်နေ၏။

27

မြည်းသည်လည်း ထာဝရဘုရား၏ကောင်းကင် တမန်ကို မြင်ပြန်သောအခါ၊ ဗာလမ်အောက်၌ ဝပ်လျက် နေ၏။ ဗာလမ်သည် အမျက်ထွက်၍ တောင်ဝေးနှင့် မြည်းကိုရိုက်လေ၏။

28

ထိုအခါ ထာဝရဘုရားသည် မြည်း၏နှုတ်ကို ဖွင့်တော်မူ၍၊ မြည်းက သင်သည် ငါ့ကို သုံးကြိမ်တိုင် အောင် ရိုက်ရမည်အကြောင်း၊ ငါသည် သင်၌ အဘယ်သို့ ပြုဘိသနည်းဟု ဗာလမ်အားမေးလျှင်၊

29

ဗာလမ်က၊ သင်သည် ငါ့ကို ကျီစားပါသည် တကား။ ငါ၌ ထားရှိပါစေသော။ ထားရှိလျှင် သင့်ကို ယခုသတ်မည်ဟု မြည်းအားဆို၏။

30

မြည်းကလည်း၊ ငါသည် ယနေ့တိုင်အောင် သင် ၏အစီးကို အစဉ်ခံရသော သင်၏ မြည်းဖြစ်သည်မဟုတ် လော။ သင်၌တခါမျှ ဤသို့ ငါပြုဘူးသလောဟု ဗာလမ် အား မေးလျှင်၊ မပြုဘူးဟု ပြန်ပြော၏။

31

ထိုအခါ ထာဝရဘုရားသည် ဗာလမ်မျက်စိကို ဖွင့်တော်မူ၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထားကိုမိုးလျက်၊ လမ်း၌ ရပ်နေသည်ကို ဗာလမ်သည် မြင်သဖြင့် ဦးချ၍ ပြပ်ဝပ်လေ၏။

32

ထာဝရဘုရား၏ကောင်းကင်တမန်ကလည်း၊ သင်၏မြည်းကို သုံးကြိမ်တိုင်အောင် အဘယ်ကြောင့် ရိုက်သနည်း။ သင်သွားသောလမ်းသည် ငါနှင့် ဆန့်ကျင် ဘက်ဖြစ်သောကြောင့်၊ သင့်ကို ဆီးတားခြင်းငှါ ငါထွက် လာပြီ။

33

မြည်းသည် ငါ့ကို မြင်၍ သုံးကြိမ်ရှောင်ခဲ့ပြီ။ ထိုသို့မရှောင်လျှင်၊ အကယ်စင်စစ် သင့်ကိုငါသတ်၍ မြည်းကို အသက်ချမ်းသာပေးလေပြီဟု ဆို၏။

34

ဗာလမ်ကလည်း၊ အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ် တော်သည် လမ်း၌ ကန့်လန့်နေတော်မူသည်ကို အကျွန်ုပ် မသိပါ။ ယခုမှာ အလိုတော်မရှိလျှင် အကျွန်ုပ်ပြန်သွားပါ မည်ဟု ထာဝရဘုရား၏ ကောင်းကင်တမန်အား ဆိုလျှင်၊

35

ထာဝရဘုရား၏ကောင်းကင်တမန်က၊ သူတို့နှင့် အတူ လိုက်လော့။ သို့ရာတွင် ငါမှာထားသော စကားကို သာ ဟောပြောရမည်ဟု ဗာလမ်အား မိန့်တော် မူသည်အတိုင်း၊ သူသည် ဗာလက်မင်း၏ ကျွန်တို့နှင့်အတူ လိုက်သွားလေ၏။

36

ဗာလမ်ရောက်သောသိတင်းကို ဗာလက်မင်း ကြားလျှင်၊ ခရီးဦးကြိုပြုခြင်းငှါ၊ မောဘပြည်စွန် အာနုန် ချောင်းနားမှာရှိသော မြို့တမြို့သို့ ထွက်သွား၏။

37

ဗာလက်မင်းကလည်း၊ ကိုယ်တော်ကို ခေါ်ပင့် စေခြင်းငှါ ငါသည် အထပ်ထပ် စေလွှတ်သည်မဟုတ် လော။ အဘယ်ကြောင့် နှေးပါသနည်း။ ကိုယ်တော်ကို ငါချီးမြှောက်နိုင်သည်မဟုတ်လောဟု ဗာလမ်အား ဆိုလျှင်၊

38

ဗာလမ်က၊ မင်းကြီးထံသို့ ငါလာပါပြီ။ သို့ရာတွင် ငါသည် စကားတခွန်းကိုမျှ ပြောပိုင်သလော။ ငါ့နှုတ်၌ ဘုရားသခင်ထားတော်မူသော စကားကိုသာ ငါပြောပါ မည်ဟု ပြန်ပြောပြီးမှ၊

39

ဗာလက်မင်းနှင့်အတူ လိုက်၍ ကိရယဿုဇုတ် မြို့သို့ ရောက်ကြ၏။

40

ဗာလက်မင်းသည်လည်း၊ သိုးနွားတို့ကို ပူဇော်၍ ဗာလမ်နှင့်အရာရှိတို့အား ပေးလိုက်လေ၏။

41

နက်ဖြန်နေ့၌ ဗာလက်မင်းသည် ဗာလမ်ကို ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန် အစင်ပြခြင်းငှါ ဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုးပေါ်သို့ ပို့ဆောင်လေ၏။