100% Free & Non-Commercial•Public open-access for spiritual, ecclesiastical & academic study
About the Codices & Data Sources →GitHub↗
✝
Sacred Scripturesbible.ciyo.in

Streaming ancient biblical manuscripts across 15 world translations. Read, listen, cross-reference, and compare original Hebrew, Greek, and Aramaic codices chapter-by-chapter.

github.com/clinto-abraham/bible.ciyo.in

Supported Codices

  • Hebrew: Westminster Leningrad Codex
  • Greek: Textus Receptus (1550/1894)
  • Aramaic: Syriac Peshitta NT
  • English: KJV (1769), BSB, YLT (1898)
  • Malayalam: സത്യവേദപുസ്തകം (1910)
  • Latin: Biblia Sacra Vulgata
  • German, French, Spanish, Russian, Chinese, Burmese, Slavic

Navigation

  • Home & Passage Selector
  • About the Project & Codices
  • Genesis 1 (English KJV)
  • Genesis 1 (Hebrew Tanakh)
  • Matthew 1 (Greek Textus Receptus)
  • Matthew 1 (Syriac Aramaic Peshitta)
  • ഉല്പത്തി 1 (Malayalam 1910)

Contact & Support

Email (Click to Draft)care@ciyo.in
Phone / Direct Line+91-8590770477
Address
Iritty, Kannur, Kerala 670703, India

© 2026 Sacred Scriptures • ciyo.in official. All rights reserved for community open access.

Designed with reverence for the Divine Scriptures • Free for all humanity

✝
Sacred Scripturesciyo.in official
PrevNext
About
BurJudson: 1835 Judson Burmese Bible

Psalms 141

📖Viewing full chapter (10 verses)
Huge
Jump to Verse:
1

အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ အလျင်အမြန် ကြွလာတော်မူပါ။ ကိုယ် တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်၏ စကားသံကို နားထောင်တော်မူပါ။

2

အကျွန်ုပ်၏ ပဌနာသည်မီးရှို့သော နံ့သာပေါင်း ကဲ့သို့၎င်း၊ လက်ကိုချီခြင်းသည် ညဦးယံပူဇော်သက္ကာ ကဲ့သို့၎င်း၊ ရှေ့တော်၌ပြင်ဆင်လျက် ရှိပါစေသော။

3

အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်း ကို ထားတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့် တော်မူပါ။

4

ဒုစရိုက်ကိုပြုသောသူတို့နှင့် အတူအကျွန်ုပ်ပါ၍၊ မတရားသောအမှု၊ ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်း ငှါ၊ အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့်။ ထိုသူတို့၏ ခဲဘွယ်စားဘွယ် တို့ကို အကျွန်ုပ်မစားပါစေနှင့်။

5

ဖြောင့်မတ်သော သူသည်အကျွန်ုပ်ကို ဒဏ်ခတ် ပါစေသော၊ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော၊ အကျွန်ုပ်ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ်မငြင်းပါ။ ယခုမူကား၊ သူတပါး ပြုသော အဓမ္မအမှုတဘက်၌ ဆုတောင်းရပါ၏။

6

သူတို့၏အကဲအမှုးတို့သည် ကျောက်တွင်းနားမှ လွတ်၍၊ အကျွန်ုပ်၏စကားကို ကြားရကြပါ၏။ ထိုစကား လည်း ချိုပါ၏။

7

မြေပေါ်မှာထင်းကိုခုတ်၍ခွဲသကဲ့သို့၊ မရဏာ နိုင်ငံတံခါးဝမှာ အကျွန်ုပ်တို့၏ အရိုးများတို့သည် ကွဲပြား လျက်ရှိကြပါ၏။

8

အိုဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်ကြည့်ပါ၏။ ကိုယ်တော်၌ခိုလှုံပါ၏။ အကျွန်ုပ်၏အသက်ကို သွန်ပစ်စေတော်မမူပါနှင့်။

9

အကျွန်ုပ်ဘို့ ထောင်ထားကြသောကျော့ကွင်းမှ ၎င်း၊ ဒုစရိုက်ကို ပြုသောသူတို့၏ညွှတ်မှ၎င်း၊ အကျွန်ုပ်ကို လွတ်စေတော်မူပါ။

10

ထိုသို့အကျွန်ုပ်သည်လွန်သွားသောအခါ၊ မတရားသော သူအပေါင်းတို့သည် မိမိတို့ကျော်ကွင်းထဲသို့ ကျကြပါစေသော။